Prototype လုပ်ဆောင်ချက် ရဲ့ ရည်ရွယ်ချက် ဟာ —
Ideate လုပ်ပြီး ထွက်လာတဲ့ Solution ကို သုံးမယ့်သူတွေ မြင်အောင်ပြဖို့ နဲ့ စမ်းသပ်ကြည့်စေနိုင်ဖို့ အတွက် ဖြစ်ပါတယ်။
Prototype ဟာအသုံးပြုသူ မြင်တွေ့ နားလည်လို့ရနိုင်တဲ့ နမူနာ ပုံစံ ငယ် တစ်ခု ဖြစ်ရင် ရပါပြီ။ Solution ပေါ်အခြေခံပြီး Prototype တွေကို ဖန်တီးရပါတယ်။
Build — စိတ်ကူးကိုပုံဖော်ခြင်း
ထွက်လာမယ့် Solution က —
- Physical product တွေ ဖန်တီးပြီး အကောင်အထည်ဖော်ရတာမျိုးဆိုရင် ပစ္စည်း တစ်ခုခုနဲ့ နမူနာပုံစံငယ်တွေကို တည်ဆောက်လို့ရပါတယ်။ ဥပမာ — စက္ကူစာရွက်၊ သစ်သား၊ ပလပ်စတစ် စတာတွေနဲ့ ပုံဖော်တာမျိုး၊ 3D printer နဲ့ ထုတ်တာမျိုး။
- Digital product လို ဆော့ဖ်ဝဲနည်းပညာသုံးပြီး အကောင်အထည်ဖော်ရတာမျိုး ဆိုရင် Figma, AdobeXD, … လို tools တွေသုံးလို့ရပါတယ်။
Test လုပ်ဆောင်ချက် ရဲ့ ရည်ရွယ်ချက် ဟာ —
- Solution နဲ့ Prototype ကို ပိုမိုကောင်းမွန်လာအောင် လုပ်ဖို့ နဲ့
- သုံးမယ့်သူတွေ နဲ့ သူတို့ရဲ့ လိုအပ်ချက်တွေအကြောင်း ပိုမိုလေ့လာနိုင်ဖို့ ဖြစ်ပါတယ်။
Test လုပ်ရာမှာ —
၁။ သုံးမယ့်သူလက်ထဲထည့် — Use Testing
၂။ မှတ်ချက်တောင်း — Feedback
၃။ ပိုကောင်းအောင်လုပ်- Refine
ရလဒ် အနေနဲ့ အကောင်းဆုံး MVP — Minimum Viable Product ထွက်လာတဲ့အထိ ဒီ ၃ ချက်ကို ထပ်ခါတစ်လဲလဲ လုပ်ကြည့်ရပါတယ်။
Aung Kyaw Minn | Head of Technology
Onenex
To continue reading >> Design Thinking for Innovation — Final Part