Flow State

အလုပ်မှာ —
စိတ်ဖိစီးမှု တွေ များ နေလား? ဒါမှမဟုတ် လုပ်ရတာ ငြီးငွေ့ လာပြီလား? စိတ်မပါတော့ဘူး? မပျော်တော့ဘူးလား?
အလုပ်မှာ —
စိန်ခေါ်မှု မြင့် လာ လေလေ ခက်ခဲမှု တွေ များလာ လေလေ ပါ။
ခက်ခဲမှု တွေ များလာ တဲ့အခါ အလုပ်ပြီးမြောက် အောင်မြင်ဖို့အတွက် စွမ်းရည် လည်း မြင့်မားဖို့ လိုလာပါတယ်။
စိန်ခေါ်မှု တွေများလာတာနဲ့ အတူ စွမ်းရည် လည်း မြင့်တတ်လာတဲ့ အခြေအနေကို Flow Sate လို့ခေါ်ပါတယ်။
Flow State ထဲ ရောက်နေပြီ ဆိုရင် စိတ်ပါ ပျော်ရွှင် တဲ့ ခံစားချက် ပါလာတဲ့ အတွက် အလုပ်တွေ ပြီးမြောက် အောင်မြင် လေ့ရှိပါတယ်။
အလုပ်မှာ —
စိန်ခေါ်မှု က မြင့်ပြီး စွမ်းရည်က နိမ့်တဲ့အခါ စိုးရိမ်ပူပန် တဲ့ ခံစားချက်ကို ဖြစ်စေပါတယ်။ အရမ်း ကွာဟ သွားရင်တော့ စိတ်ဖိစီးမှု (Stress) ဖြစ်လာပြီး၊ ဒီ စိတ်ဖိစီးမှုကနေ ရှောင်ဖို့အတွက် ကိုယ်တိုင် အလုပ်ထွက် တာမျိုး ဖြစ်နိုင်ပါတယ်။
စိန်ခေါ်မှု က နိမ့်ပြီး စွမ်းရည်က မြင့်တဲ့အခါ ပျင်းရိ ငြီးငွေ့ တဲ့ ခံစားချက်ကို ဖြစ်စေပါတယ်။ အရမ်း ကွာဟ သွားရင်တော့ —
- တစ်ချို့က ဒီ အလုပ်မှာ တိုးတတ်ဖို့ အလား အလာ မရှိဘူး ဆိုပြီး ကိုယ်တိုင် အလုပ်ထွက်တာမျိုး ဖြစ်နိုင်ပါတယ်။
- တစ်ချို့က အလွယ်လုပ် ပေါ့လျော့တဲ့ အကျင့် (Relaxation) ဖြစ်လာပြီး အလွဲအမှားတွေ လုပ်လာလေ့ရှိပါတယ်။ ဒီ အလွှဲ အမှားတွေ ကြောင့် အလုပ်က ထုတ်ရတာမျိုး အထိ ဖြစ်လာနိုင်ပါတယ်။
Flow State ထဲမှာ ဝင် နေတဲ့သူဟာ —
- စိန်ခေါ်မှု နဲ့ ကိုယ့် စွမ်းရည် ကို အမြန် ချိန်ညှိတယ်။
- မသိသေးတာတွေ လေ့လာ သင်ယူတယ်။
- သိပြီးသားတွေကို တတ်မြောက်အောင် လက်တွေ့ အသုံးချတယ်၊ ပိုမိုကျွမ်းကျင်လာအောင် လေ့ကျင့်တယ်၊ အများ နဲ့ မျှဝေတယ်။
- လက်ရှိအချိန် နဲ့ လုပ်ရမှာကို အာရုံစိုက်တယ်။
- ကိုယ့်အလုပ်ကို ပြီးဆုံးအောင်၊ အောင်မြင်အောင် လုပ်တယ်။
- ကိုယ့်အလုပ်နဲ့ ပတ်သက်တဲ့ ပန်းတိုင် ကိုလည်း ရှင်းရှင်းလင်းလင်းသိတယ်၊ တိုးတက်မှုကိုလည်း မြင်တယ်။
- ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီး ရှင်းလင်း တဲ့ တုံ့ပြန်မှုကို သက်ဆိုင်ရာ တာဝန်ခံဆီကနေ မြန်မြန်ဆန်ဆန် ရအောင် ယူတယ်။
Reference -> Flow State concept by Mihaly Csikszentmihalyi
Aung Kyaw Minn | Head of Technology
Onenex
Comments
Join the discussionNo comments yet. Be the first to comment.




