Value Proposition Canvas

Value Proposition Canvas

ကိုယ်ရောင်းတဲ့ Product — ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု ဟာ၊ Customer — ဝယ်သူ ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီ တဲ့ အခါ တန်ဖိုးရှိတဲ့ ရောင်းကုန် (Value Proposition) ဖြစ်သွားပါတယ်။

ကိုယ် ရောင်းတာတွေ ကို လိုနေတဲ့ Customer တွေကို ရှာမလား — Product Focus

Customer တွေ လိုအပ်နေတာတွေ ရှာဖွေဖော်ထုတ်ပြီး ရောင်းမလား — Customer Focus

Product ရော Customer ပါ နှစ် ခုစလုံး ကို ချိန်၊ နည်းပညာ အထောက်အကူနဲ့ ဖန်တီး တီထွင်ပြီး အဖြေရှာတာ လုပ်မလား — Innovation Focus

ဘာပဲ လုပ်လုပ် Value Proposition Canvas ကို အသုံးပြုလို့ရပါတယ်။

Business Model Canvas မှာ ပါဝင်တဲ့ Value Proposition အပိုင်း နဲ့ Customer Segment အပိုင်း နှစ်ခုကို စနစ်တကျ ချိတ်ဆက်စဉ်းစားပြီး ပုံဖော်ရတာ ဖြစ်ပါတယ်။ ပုံကိုကြည့်ပါ။

Canvas မှာ ၂ ပိုင်းပါဝင်ပါတယ်။ ညာဖက်က Customer Profile (Customer Segment) အဝိုင်းပုံနဲ့ ဘယ်ဖက်က Value Map (Value Proposition) လေးထောင့်ပုံပါ။ ဒီ Canvas မှာပါတဲ့ ဝေါဟာရတွေကိုတော့ မြန်မာလို ဘာသာပြန်တာထက် English စာလုံးအတိုင်း သုံးသွားပြီး အဓိပ္ပါယ် နားလည်အောင် ဥပမာနဲ့ ပြသွားတာက ပိုကောင်းပါတယ်။

Customer Profile:

  • Customer Jobs: 💪 Customer အနေနဲ့ သူတို့ လုပ်ငန်းခွင်မှာ ဖြစ်ဖြစ်၊ အပြင် လက်တွေ့ဘဝ မှာပဲ ဖြစ်ဖြစ် လုပ်စရာရှိတာတွေ။ ပြီးအောင်လုပ်ရမယ့် အလုပ်တွေ။ ဥပမာ — အလုပ်သွားဖို့ ကားစီးရမှာ၊ အလုပ်မှာ မီတင်တက်ရမှာ၊ အိမ်ပြန်ရောက်ရင် အမှိုက်ပြစ်ရမှာ၊ အသုံးစရိတ်တွေ စာရင်းလုပ်ရမှာရှိ။
  • Customer Pains: 😢 Customer အနေနဲ့ သူတို့ လုပ်စရာရှိတာတွေ (Customer Jobs) လုပ်ရတဲ့ အခါ တွေ့ကြုံရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ နဲ့ ဆုံးရှုံးမှု့ တွေ။ ဥပမာ — အလုပ်သွားဖို့ ကားစီးတာမှာ ကားအကြာကြီးစောင့်ရတာ၊ ကားကျပ်တာ။ မီတင် ထဲမှာ မလိုတာတွေ ပြောနေလို့ အလုပ်ပျက်တာ။ အိမ်ပြန်ရောက်လို့ အမှိုက်ပစ်တဲ့အခါ အမှိုက်ပုံကို အဝေးကြီးသွားရတာ။ အသုံးစရိတ် စာရင်းလုပ်တဲ့ စာအုပ် ပျောက်သွားတာ။
  • Customer Gains: 😀 Customer အနေနဲ့ သူတို့ လိုချင်တဲ့၊ မျှော်လင့်ထားတဲ့ အတိုင်း ရလဒ်ထွက်တာ၊ မထင်မှတ်ဘဲ ပိုရတာ။ ဥပမာ — အလုပ်သွားဖို့ ကားစီးတာ မစောင့်ရတော့ဘူး၊ ထိုင်ခုံရတယ် အဲယားကွန်းကား။ မီတင်အချိန် ကွက်တိ အကျိုးရှိ၊ အလုပ်ဖြစ်၊ အထက်လူကြီး ချီးကျူးခံရ။ အိမ်ပြန်ရောက်တော့ Door to Door cleaning က အမှိုက်တွေ ရှင်းပေးသွား။ ဖုန်းထဲမှာပဲ အသုံးစရိတ် စာရင်း လုပ်၊ အဆင်ပြေ။

Value Map:

  • Products & Services: 📱 Customer ကို ကိုယ်ပေးမယ့် ထုတ်ကုန် ပစ္စည်းတွေ၊ ဝန်ဆောင်မှု့ တွေ။ ဥပမာ — အသုံးစရိတ်စာရင်း မှတ်တဲ့ Mobile App။
  • Pain Relievers: 💊 ကိုယ်ပေးမယ့် ထုတ်ကုန် ပစ္စည်း၊ ဝန်ဆောင်မှု့ က Customer တွေရဲ့ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းပေးမလဲ။ ဥပမာ — အသုံးစားရိပ် စာရင်းကို ဖုန်းနဲ့ မှတ်လို့ရတော့ စာအုပ် ပျောက်မှာ ပူစရာမလိုတော့ဘူး။
  • Gain Creators: 💝 ကိုယ်ပေးမယ့် ထုတ်ကုန် ပစ္စည်း၊ ဝန်ဆောင်မှု့ က Customer တွေကို ဘယ်လို ပိုအကျိုးရှိစေလဲ။ ဥပမာ — အသုံးစားရိတ်စာရင်း မှတ်ဖို့ စာအုပ် နဲ့ ဘောပင် ဝယ်စရာမလိုတော့ဘူး။ ပိုက်ဆံအကုန်သက်သာတယ်။ သုံးပြီးတာနဲ့ ဖုန်းလေးနဲ့ တန်းမှတ်လို့ရတယ်၊ ပိုအဆင်ပြေ။

Aung Kyaw Minn

Tally Sale